ကော်တွိုက်စ်ထိုးလိုက်တဲ့ တက်တူးအကြောင်း

ကော်တွိုက်စ်ထိုးလိုက်တဲ့ တက်တူးအကြောင်း

ယနေ့ခေတ်အချိန်အခါမှာ တက်တူးကို လူတော်တော်များများဟာ သူတို့ရဲ့ကိုယ်ပေါ်မှာ ဖက်ရှင်စတိုင်လ်တစ်ခုအနေနဲ့ ထိုးလာခဲ့ကြပါတယ်။ လူတွေဟာ သူတို့ဘဝရဲ့
အမှတ်တရနေ့စွဲများ တန်ဖိုးထားရတဲ့အရာများ သူတို့နှစ်သက်တဲ့အရာများကို တက်တူးအဖြစ်ဒီဇိုင်းဖန်တီးကာ ကိုယ်ပေါ်မှာ ထိုးကြပါတယ်။

ယနေ့မှာတော့ ရီးရဲလ်မက်ဒရစ်ရဲ့ဂိုးလ်သမားကြီး
ကော်တွိုက်စ်ဟာ သူ့ရဲ့လက်မောင်းမှာ အမှတ်တရ
တက်တူးတစ်ခုထိုးခဲ့ပါတယ်။ ပြီးခဲ့တဲ့ချန်ပီယံလိဂ်ဗိုလ်ပွဲမှာ လီဗာပူးလ်ကို အနိုင်ရပြီး ရီးရဲလ်တို့ ချန်ပီယံဖလားကြီးကိုသိမ်းပိုက်ရရှိခဲ့ပါတယ်။

အဆိုပါဗိုလ်လုပွဲမှာ ရီးရဲလ်ဂိုးလ်သမား ကော်တွိုက်စ်ဟာ စပယ်ရှယ်လက်စွမ်းများပြသခဲ့ပြီး အသင်းအတွက် ချန်ပီယံဘုရင်ဘွဲ့ကို အရယူပေးနိုင်ခဲ့ပါတယ်။ ဒါကြောင့်
ကော်တွိုက်ဟာ သူစွမ်းသူ့အားနဲ့ ရီးလ်ရဲကို ဆွတ်ခူးပေးနိုင်ခဲ့တဲ့ ချန်ပီယံဖလားပုံကို သူ့လက်မောင်းမှာ ကဗျည်းတင်ရေးဆွဲခဲ့တာဖြစ်ပါတယ်။

ကော်တွိုက်စ်ထိုးခဲ့တဲ့ တက်တူးပုံစံမှာ
အုတ်နံရံတစ်ခုအပေါ်မှာ Thibaut Courtois ဆိုတဲ့ သူ့နာမည်ကို TCလို့ အတိုကောတ်ရေးထားပြီး
ဘေးနားမှာ သူ့ကျောနံပါတ်1ရယ် ဖလားပုံပေါ်မှာ 2022လို့ ရေးသားထားတဲ့ ပုံဖြစ်ပါတယ်။

Golden Sports

Leave a Reply