ကြယ်ပွင့်တွေ ထွက်ပေါ်ရာအရပ် ရန်းနက်စ်

၂၀၀၄ ခုနှစ်မှာ ပီတာဆက်ချ်ကို ချဲလ်ဆီးထံ ရောင်းချခဲ့တဲ့နောက်ပိုင်း ရန်းနက်စ်ကို ကမ္ဘာတစ်ဝန်းက ပရိသတ်တွေ ပိုမိုသတိပြုမိလာကြတယ်။

တကယ်လည်း သူတို့အသင်းဆီကနေ နာမည်ကြီးကစားသမားတွေ ပေါ်ထွက်လာတာပါ။ အကယ်ဒမီကဖြစ်စေ၊ မထင်မရှားမကစားသမားတွေ ခေါ်ယူ၍ဖြစ်စေ အရောင်တင်ပေးတဲ့နေရာမှာ ရန်းနက်စ်ဟာ အသင်းကြီးတွေအတွက် ရွှေတွင်းကြီးတစ်ခုပါပဲ။ ဒါကို သမိုင်းအဆက်ဆက် သက်သေပြနေပါတယ်။

သူတို့ အကယ်ဒမီကနေ ဆယ်ဗီယန်ဝီးတော့၊ မိုက်ကယ်ဆီဗက်စတာ၊ ယိုအန်ဂေါကပ်ဖ်၊ ယာစင်ဘရာဟီမီ၊ တီမူယီဘာကာယိုကို၊ အူစမာနီဒမ်ဘီလီ စသဖြင့် နာမည်ကြီးကစားသမားတွေ အလျှိုအလျှို ပေါ်ထွက်လာခဲ့ပါတယ်။ အခုလည်း ထိုအစဉ်အလာကောင်းကို ဆက်ထိန်းထားနိုင်ဆဲပါ။

၂၀၁၉-၂၀ ရာသီမှာ ရန်းနက်စ်ဟာ ပြင်သစ်လိဂ်၌ အဆင့် (၃)နဲ့ရာသီသိမ်းပြီး ချန်ပီယံလိဂ်ဝင်ခွင့် ရရှိခဲ့ပါတယ်။ ထိုရာသီမှာ ရန်းနက်စ်အတွက် အကောင်းဆုံးအသုံးတော်ခံခဲ့သူတွေက အက်ဒဝပ်မန်ဒီ (ဂိုး)၊ နာယက်ဖ်အဂူရက် (ဗဟိုခံစစ်မှူး)၊ အက်ဒွါဒိုကာမာဗင်ဂါ (ကွင်းလယ်)နဲ့ ရာဖင်ဟာ (တောင်ပံတိုက်စစ်) တို့ပဲ ဖြစ်ကြပါတယ်။

ထိုကစားသမားတွေအနက် ကာမာဗင်ဂါတစ်ဦးတည်းသာ သူတို့အကယ်ဒမီထွက် ဖြစ်ပါတယ်။ ကျန်ကစားသမားတွေကိုတော့ သူတို့အသင်းကင်းထောက်တွေက ပြင်သစ်၊ စပိန်၊ ပေါ်တူဂီ လိဂ်တွေကနေ ရှာဖွေတွေ့ရှိခဲ့တာပါ။ လက်ရှိအချိန်မှာတော့ ထို (၄)ဦးစလုံး ရန်းနက်စ်မှာ မရှိတော့ပါဘူး။

၂၀၂၀-၂၁ နွေအပြောင်းအရွှေ့မှာ မန်ဒီက ချဲလ်ဆီးရောက်သွားတယ်။ ရာဖင်ဟာက လိဒ်စ်ထံ ခိုနားခဲ့တယ်။ နောက်နှစ်နွေမှာ ကာမာဗင်ဂါက ရီးယဲလ်ကစားသမားသစ် ဖြစ်လာတယ်။ ကျန်ရစ်သူ အဂူရက်ကတော့ ယခုနွေစျေးကွက်မှာ ဝက်စ်ဟမ်းထံ ပြောင်းရွှေ့လာပါတယ်။

ရန်းနက်စ်ဟာ ထိုကစားသမား (၄)ဦးကို ရောင်းချရာကနေ ပေါင်သန်း (၁၀၀)ကျော် ပြန်လည်ရရှိခဲ့ပါတယ်။ သို့ဖြစ်ရာ အိုင်းယက်စ်၊ ဒေါ့မွန်တို့လို ကစားသမားရောင်းချပြီး စီးပွားဖြစ်နေတဲ့အသင်းလို့ ပြောလို့ရပါတယ်။ ထွက်ခွာသွားတဲ့ ကစားသမားတွေနေရာမှာ မှန်ကန်တဲ့ခေါ်ယူအားဖြည့်မှုတွေ ပြုလုပ်နိုင်ခဲ့တာကြောင့် ရပ်တည်မှု မကျဆင်းခဲ့ပါဘူး။

၂၀၂၀-၂၁မှာ အဆင့် (၆)၊ ၂၀၂၁-၂၂မှာ အဆင့် (၄)စသဖြင့် ရပ်တည်နိုင်ခဲ့တာကြောင့် ဥရောပဝင်ခွင့် ပုံမှန်ရရှိနေပါတယ်။ ထို့ပြင် လာမယ့်ရာသီများမှာ နောက်ထပ်ဘယ်ကစားသမားတွေ ထပ်မံခေါ်ယူပြီး အရောင်တင်ပေးဦးမလဲ၊ ရောင်းချသွားဦးမလဲဆိုတာကိုလည်း စိတ်ဝင်စားနေမိပါတယ်။

#ibet789 #555mix #WBet #Sportbook365 #959green

Leave a Reply